» SIZE & FIT GUIDE


ခန္ဓာကိုယ်အတိုင်းအတာယူနည်းနှင့် ဘရာစီယာအတိုင်းအတာပြဇယား
(၁) မိမိဝတ်ဆင်ရမည့် ခန္ဓာကိုယ်ပတ်လည်တိုင်းတာနည်း ပုံတွင်ဖော်ပြထားသည့်အတိုင်း ရင်သား၏အောက်ခန္ဓာကိုယ်ပတ်လည်အား ပေကြိုးဖြင့်ညင်သာစွာတိုင်းပါ။ ရရှိသောအတိုင်းအတာသည် မိမိကိုယ်ခန္ဓာအတွက်ဝတ်ဆင်ရမည့် အတိုင်းအတာဖြစ်သည်။ အကယ်၍ မိမိ၏ခန္ဓာကိုယ်အတိုင်းအတာသည် ဇယားတွင်ပြထားသည့်အတိုင်းမရရှိပဲ ကြားအတိုင်းအတာတစ်ခုရရှိပါက ၄င်းအား (၅) စင်တီမီတာတိုး၍လည်းကောင်း (သို့) "၀" စင်တီမီတာအထိလျှော့၍လည်းကောင်း အနီးစပ်ဆုံးဂဏန်းသို့ယူပါ။ ထိုအခါ မိမိအနီးစပ်ဆုံးတိုး၍ (သို့) လျော့၍ယူလိုက်သော ဇယားပါအတိုင်းအတာသည် မိမိခန္ဓာကိုယ်အတွက် သင့်လျော်သော အတိုင်းအတာပင်ဖြစ်ပေသည်။ Sweety ဘရာစီယာများသည် ထိုသို့ကြားအတိုင်းအတာရှိသူတို့အတွက်ပါ အဆင်ပြေစေရန် စီမံချုပ်လုပ်ထားပါသည်။
(၂) မိမိဝတ်ဆင်ရမည့် ရင်ပုံခံခွက်အရွယ်တိုင်းတာနည်း မိမိရင်သား၏ အမြင့်ဆုံးနေရာတွင်ထား၍ မိမိခန္ဓာကိုယ်ပတ်လည်အား ညင်သာစွာတိုင်းပါ။ ရရှိလာသောရင်ပုံခွက်အတိုင်းအတာမှ အမှတ်စဉ် (၁) ပါ ခန္ဓာကိုယ်အတိုင်းအတာအား ခြားနားခြင်းရှာလိုက်လျှင် မိမိဝတ်ဆင်ရမည့်ရင်ပုံခွက် Cup အရွယ်အစားရရှိပေမည်။